ဘလယ်ဒိုရွာက တပ်စခန်းသုံးခု သိမ်းပိုက်မှု စစ်ကောင်စီတပ်သား ၂၀ကျော် သေ၊ စစ်သုံ့ပန်း ၃၀ခန့်ဖမ်းမိ ■စစ်ကောင်စီတပ်သား ၆၀ကျော် ထိုင်းဘက်ထွက်ပြေး၊ ရဲဘော် သုံးဦး ကျဆုံး မေ ၂၄ ၊၂၀၂၅။ ဒီဒီး/People's Spring ထိုင်း − မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်က ဘလယ်ဒိုကျေးရွာမှာ အခြေပြုတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၃၀ခန့်နဲ့ လက်နက်ခဲယမ်းတွေ အများအပြားသိမ်းရခဲ့တယ်လို့ အဲဒီစခန်းသိမ်းတိုက်ပွဲမြေပြင်ရောက်ခဲ့တဲ့ ထောက်ပို့ရဲဘော် အေအေစီကိုရဲမင်းက ပြောပါတယ်။ စစ်ကောင်စီရဲ့ ဘလယ်ဒိုကျေးရွာက ပင်မခြေကုပ်တပ်စခန်းကုန်းနဲ့ ဘလယ်ဒိုရွာက ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စခန်းအပြင် ရွာထိပ်မှာတပ်စွဲထားတဲ့ စခန်း စုစုပေါင်း စခန်းသုံးခုကို သိမ်းပိုက်ရခဲ့တာလို့ ကိုရဲမင်းက ပြောပါတယ်။ " အားရစရာကြီးဗျာ။ လက်နက်တွေလည်း အများကြီးပဲ။ အလောင်းတွေကတော့ မီးရှို့ပေးထားလိုက်ပြီ။ သုံ့ပန်းတွေက ၃၀လောက်ရှိတယ်။ သူတို့ကို ထားတဲ့နေရာကို ပို့ထားပေးလိုက်ပြီ။ ဗိုလ်ဒါဘောက ပြောထားတယ် မင်းတို့ထွက်ပြေးရင်ပြေး။ မပြေးရင် အပြီးတိုက်မယ်ဆိုတာ"လို့ ကိုရဲမင်းက ပြောပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ရဲဘော်သုံးဦး ကျဆုံးခဲ့ရတယ်လို့ ကိုရဲမင်းက ပြောပါတယ်။ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တွေ စုပေါင်းသိမ်းပိုက်ထားတဲ့ ဘလယ်ဒိုရွာက စစ်ကောင်စီတပ်စခန်းတွေဆီကို ထောက်ပို့ရဲဘော်တစ်ဦးဖြစ်တဲ့ အေအေစီကိုရဲမင်းဟာ ဒီကနေ့(မေလ ၂၄ရက်)မှာ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖော့ဖရာ့မြို့ နယ်စပ်အနီးက ဘလယ်ဒိုတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့က (မေလ ၂၃ရက်)မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဘလယ်ဒိုတပ်စခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဦးဟာ ထိုင်းဘက်သို့ ထွက်ပြေးလာခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosodက ဒီနေ့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းဘက်ခြမ်းကို ဒီနေ့ ခိုလှုံခွင့်တောင်းခံခဲ့ပြီး လက်နက်ဖြုတ်သိမ်းခံခဲ့ရတယ်လို့ ထိုင်းသတင်းဌာန Khaosod က ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဦးအနက် ၁၁ဦးမှာ ထိခိုက်ဒဏ်ရာရရှိပြီး ၄ဦးမှာ ပြင်းထန်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။ ရုပ်သံ − အေအေစီကိုရဲမင်း #ludunwayoo #လူထုနွေဦး #NewsUpdate 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴 𝗬𝗼𝘂𝗧𝘂𝗯𝗲 - https://www.youtube.com/@peoplespring 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/LuduNwayOo/ 𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/ 𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - https://www.instagram.com/ludunwayoo/ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

ဘလယ်ဒိုရွာက တပ်စခန်းသုံးခု သိမ်းပိုက်မှု စစ်ကောင်စီတပ်သား ၂၀ကျော် သေ၊ စစ်သုံ့ပန်း ၃၀ခန့်ဖမ်းမိ

■စစ်ကောင်စီတပ်သား ၆၀ကျော် ထိုင်းဘက်ထွက်ပြေး၊ ရဲဘော် သုံးဦး ကျဆုံး

မေ ၂၄ ၊၂၀၂၅။ ဒီဒီး/People’s Spring

ထိုင်း − မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက်က ဘလယ်ဒိုကျေးရွာမှာ အခြေပြုတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းသုံးခုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်သား ၂၀ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၃၀ခန့်နဲ့ လက်နက်ခဲယမ်းတွေ အများအပြားသိမ်းရခဲ့တယ်လို့ အဲဒီစခန်းသိမ်းတိုက်ပွဲမြေပြင်ရောက်ခဲ့တဲ့ ထောက်ပို့ရဲဘော် အေအေစီကိုရဲမင်းက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဘလယ်ဒိုကျေးရွာက ပင်မခြေကုပ်တပ်စခန်းကုန်းနဲ့ ဘလယ်ဒိုရွာက ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စခန်းအပြင် ရွာထိပ်မှာတပ်စွဲထားတဲ့ စခန်း စုစုပေါင်း စခန်းသုံးခုကို သိမ်းပိုက်ရခဲ့တာလို့ ကိုရဲမင်းက ပြောပါတယ်။

” အားရစရာကြီးဗျာ။ လက်နက်တွေလည်း အများကြီးပဲ။ အလောင်းတွေကတော့ မီးရှို့ပေးထားလိုက်ပြီ။ သုံ့ပန်းတွေက ၃၀လောက်ရှိတယ်။ သူတို့ကို ထားတဲ့နေရာကို ပို့ထားပေးလိုက်ပြီ။ ဗိုလ်ဒါဘောက ပြောထားတယ် မင်းတို့ထွက်ပြေးရင်ပြေး။ မပြေးရင် အပြီးတိုက်မယ်ဆိုတာ”လို့ ကိုရဲမင်းက ပြောပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ရဲဘော်သုံးဦး ကျဆုံးခဲ့ရတယ်လို့ ကိုရဲမင်းက ပြောပါတယ်။

အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တွေ စုပေါင်းသိမ်းပိုက်ထားတဲ့ ဘလယ်ဒိုရွာက စစ်ကောင်စီတပ်စခန်းတွေဆီကို ထောက်ပို့ရဲဘော်တစ်ဦးဖြစ်တဲ့ အေအေစီကိုရဲမင်းဟာ ဒီကနေ့(မေလ ၂၄ရက်)မှာ သွားရောက်ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဖော့ဖရာ့မြို့ နယ်စပ်အနီးက ဘလယ်ဒိုတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့က (မေလ ၂၃ရက်)မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဘလယ်ဒိုတပ်စခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဦးဟာ ထိုင်းဘက်သို့ ထွက်ပြေးလာခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosodက ဒီနေ့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းဘက်ခြမ်းကို ဒီနေ့ ခိုလှုံခွင့်တောင်းခံခဲ့ပြီး လက်နက်ဖြုတ်သိမ်းခံခဲ့ရတယ်လို့ ထိုင်းသတင်းဌာန Khaosod က ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၂ဦးအနက် ၁၁ဦးမှာ ထိခိုက်ဒဏ်ရာရရှိပြီး ၄ဦးမှာ ပြင်းထန်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

ရုပ်သံ − အေအေစီကိုရဲမင်း

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 – https://www.instagram.com/ludunwayoo/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring